သင်္ဘောတစ်စီးတွင် အဓိကအားဖြင့် အပိုင်းသုံးပိုင်းခွဲထားလေ့ ရှိပါတယ်။ Deck Department, Engine Department နဲ့ Galley Department ဆိုပြီးရှိပါတယ်။ Deck department ရဲ့ အဓိကတာဝန်ကတော့ သင်္ဘောကြီး ပင်လယ်ထဲမှာ အန္ထရယ်ကင်းစွာ သွားလာနိုင်ဖို့ဖြစ်ပြီး ဆိပ်ကမ်းတွင် ဆိုက်ကပ်လျှင် ကုန်တင်ကုန်ချတာဝန်လည်း ယူရပါတယ်။ Engine Department ရဲ့တာဝန်ကတော့ သင်္ဘောကြီး ရေထဲမှာ ရွေ့လျားသွားလာနိုင်ရန်၊ သင်္ဘောတစ်စီးလုံး လျှပ်စစ်ဓတ်အားပေးနိုင်ရန်၊ သင်္ဘောသားများ သောက်ရေသုံးရေ ရရှိရန် တာဝန်ယူရပါတယ်။ Galley Department ကတော့ သင်္ဘောသားများ စားသောက်နိုင်ရန် ချက်ပြုတ်ပေးရပြီး၊ ရံဖန်ရံခါ house keeping ပါတွဲလုပ်ရလေ့ရှိပါတယ်။
ရှေးယခင်က သင်္ဘောရွေ့လျားနိုင်ရန် လှော်တက်များသုံးကာ လှော်ခတ်ရပါတယ်။ နည်းနည်းအဆင့်မြင့်လာတော့ ရွက်တက်ပြီး လွှင့်ကြပါတယ်။ အင်ဂျင်များပေါ်ပေါက်လာပြီးနောက်မှာတော့ သင်္ဘောပေါ်မှာ အင်ဂျင်တပ်ကာ ပန်ကာ(propeller)များဖြင့် သင်္ဘောသွားလာနိုင်ရန် စီစဉ်လာကြပါတယ်။ အင်ဂျင်ခန်းက ပန်ကာလည်နိုင်ရန် အင်ဂျင်များကောင်းစေရန်တာဝန်ယူရပါတယ်။ ထိုအဓိကပန်ကာလည်စေသော အင်ဂျင်ကို Main Engine ဟုခေါ်ပါသည်။
ကုန်သွယ်ရေကြောင်းလောကတွင် တွင်တွင်ကျယ်ကျယ်သုံးသည်မှာ Marine Diesel Engine ဖြစ်ပါသည်။ Two Stroke နှင့် Four Stroke Engine နှစ်မျိုးရှိပါသည်။ အင်ဂျင်အတွင်း မီးလောင်ပေါက်ကွဲသောကြောင့် Internal Combustion (IC) Engine ဟုလည်းခေါ်ပါသည်။ M.E(Main Engine) သည် သူ့ချည်းသက်သက် မလည်ပတ်နိုင်ပါ။ M.E လည်ပတ်နိုင်ရန် လောင်စာဆီ(Fuel) ကျွေးရသော ပန့်များ(Pump)၊ M.E အအေးပေးရန်သုံးသော စက်များ၊ M.E ချောမွေ့စွာ လည်ပတ်နိုင်ရန် ချောဆီ(Lubricating Oil) ပေးသောစက်များလည်းရှိပါသေးသည်။ ၎င်းစက်များကို Auxiliary Machinery များဟုခေါ်ပါသည်။
No comments:
Post a Comment