Tuesday, June 26, 2012
Tuesday, June 19, 2012
Answers To The Old Oral Questions (1-30)
1. Jacket Water Test ဘာကြောင့်လုပ်ရသလဲ။
Jacket Water ရဲ့ အခြေအနေကို သိချင်လို့ လုပ်တာ။ Test သုံးမျိုးရှိတယ်။
1. pH Test
2. Chloride Test
3. Nitrite Test
2. Plate Type Cooler Maintanence အကြောင်းပြောပါ။
Cooler ကိုမဖြုတ်ခင် အရင်ဆုံး frame plate နှစ်ခုကြားက အကွာအဝေးကို အရင်တိုင်းမယ်။ ဒါမှမဟုတ် frame plate နဲ့ tie bolt အစွန်း အကွာအဝေးကို တိုင်းမယ်။ ပြီးမှ Sea Water အဝင်၊ အထွက် v/v တွေပိတ်မယ်။ JKT water အဝင်၊ အထွက် v/v တွေပိတ်မယ်။ Tie bolt nut ကိုလျှော့မယ်။ frame plate ကို နောက်ကို ဆွဲကပ်ထားမယ်။ plate ပြားတွေဖြုတ်ပြီး chemical ထဲမှာ စိမ်ထားမယ်။ scale တွေရှိရင် plastic brush နဲ့တိုက်မယ်။ အားလုံးပြီးသွားရင် fresh water နဲ့ဆေးမယ်။ အခြောက်ခံမယ်။ အပေါက်ရှိလား စစ်မယ်။ Gasket တွေကိုစစ်မယ်။ ကွာနေရင် ပြန်ကပ်မယ်။ အားလုံးပြီးသွားရင် plate ပြားတွေပြန်တပ်မယ်။ frame plate တွေကို တိုင်းထားတဲ့အတိုင်းရအောင် ပြန်တိုက်မယ်။ ပြီးရင် S.W အဝင် v/v ဖွင့်ကြည့်မယ်။ ရေမထွက်ဘူး။ ရေလုံရင် အထွက် v/v ဖွင့်မယ်။ JKT အဝင် v/v ဖွင့်ကြည့်မယ်။ ရေလုံရင် အထွက် v/v ဖွင့်မယ်။ pressure တွေ ပြန်ချိန်မယ်။
3. Overspeed Governor နဲ့ Overspeed Trip ဆိုတာဘာလဲ။
Overspeed governor ဆိုတာ သတ်မှတ်ထားတဲ့ speed ရဲ့အထက် 10% မှာ fuel cut out လုပ်ပေးပြီး သတ်မှတ်ထားတဲ့ speed ရဲ့အောက် 5% ရောက်ရင် fuel cut in ပြန်လုပ်ပေးတဲ့ governor ကိုခေါ်တာ။ Overspeed trip ဆိုတာ overspeed governor က မထိန်းနိုင်တော့လို့ engine rpm အရမ်းတက်လာရင် engine ကို shut down လုပ်ပေးတာ။ (15% for G/E, 20% for M/E)
4. G/E overhaul လုပ်ရင် ဘာတွေတိုင်းမလဲ။
- Liner calibration
-piston crown wear
-piston diametrical clearances
-piston ring groove
-piston ring gap, width, thickness, clearance
-big end bearing, crank pin ovality, crank shaft deflection, main bearing clearance
5. Steam trap ဘာကြောင့်ထားသလဲ။
Steam မှာပါတဲ့ latent heat ကို အကုန်သုံးချင်လို့။ condensate တွေကို trap လုပ်ဖို့။ water hammer မဖြစ်အောင်လို့။
6. Solenoid v/v and Expansion v/v အကြောင်းပြောပါ။
Solenoid v/v က thermostat နဲ့ အလုပ်လုပ်တာ။ သူက fully open, fully close။
Expansion v/v က sensing bulb နဲ့ အလုပ်လုပ်တာ။ သူက fully open, partially close။
7. Cold room temp: ကို ဘာနဲ့ချိန်သလဲ။
Thermostat နဲ့ ချိန်တယ်။
8. Refer: Comp: Short Cycling ဖြစ်တာဘာကြောင့်လဲ။
−undercharged ဖြစ်နေလို့
-light load ဖြစ်နေလို့
-dehydrator choke ဖြစ်နေလို့
-filter choke filter choke
-expansion v/v choke
-leakage in system
-differential setting pressure နည်းနေလို့
9. Air comp: ခဏခဏ လည်လိုက်ရပ်လိုက်ဖြစ်နေတာ ဘာကြောင့်လဲ။
Differential pressure setting နည်းနေလို့
Air line leakage ရှိလို့
Service air comsumption များလို့
10. Purifier မှာ rated rpm မရဘူး။ ဘာကြောင့်လဲ။ ဘာတွေစစ်ရမလဲ။
Bowl ထဲမှာ sludge တွေများနေလို့
Friction clutch plate တွေစားနေလို့
Single phasing ဖြစ်နေလို့
Sump oil level များနေလို့
Shaft alignment မမှန်လို့
Brake မိနေလို့
Worm wheel စားနေလို့၊ bearing တွေ မကောင်းတော့လို့
11. Purifier vertical shaft မှာ ဘယ်လို bearing တပ်ထားသလဲ။
Upper bearing က spring နဲ့
Lower bearing က thrust bearing
12. Main S.W P/p overhaul လုပ်ရင် ဘာတွေစစ်ရမလဲ။
Impeller, shaft, sleeve, wear ring, bearing
13. Emergency fire P/p maintanence ဘာတွေလုပ်မလဲ။
Saturday routine တိုင်းမှာ test run လုပ်မယ်
Fuel tank, sump oil level စစ်မယ်
Gland ရေယို၊ မယိုစစ်မယ်
Suction v/v, discharge v/v တွေ ease ဖြစ်နေအောင် grease ထိုးမယ်
Priming arrangement တွေ ကောင်း၊ မကောင်းစစ်မယ်
Sea suction v/v ကိုစစ်မယ်
Line leakage ရှိ၊ မရှိ စစ်မယ်
Tray ကို သန့်ရှင်းအောင်ထားမယ်
14. CO2 room maintanece အကြောင်းပြောပါ။
Ventilation, lighting စစ်မယ်
အိုးတွေရဲ့ overall condition,v/v, wire, clamp, pressure စစ်မယ်
CO2 alarm ကောင်း၊ မကောင်းစစ်မယ်
Room key သူ့နေရာမှာ ရှိ၊ မရှိစစ်မယ်
15. Heavy weather ရှိကြောင်း bridge က အကြောင်းကြားလာရင် ဘာလုပ်မလဲ။
Moving parts တွေကို lashing ဖမ်းမယ်
Service tank, settling tank တွေကို မှန်မှန် drain လုပ်မယ်
Machinery တွေရဲ့ sump oil level တွေ လိုအပ်ရင် ဖြည့်ထားမယ်
Standby G/E မောင်းကာ load တင်ထားမယ်
E/R ကို မကြာခဏ round check ပတ်မယ်
Head Office မှညွှန်ကြားထားသော check list အတိုင်းဆောင်ရွက်မယ်
16. Bulbous bow ဘာကြောင့်တပ်ထားသလဲ။
Wave ကြောင့်ဖြစ်တဲ့ resistant ကို သက်သာစေရန်
Pitching ကြောင့် သင်္ဘောမြောက်တက်ပြီး ပြန်အကျမှာ သက်သာစေရန်
17. M/E slow down ဘာတွေရှိသလဲ။
High exhaust gas temp
High exhaust gas differential temp
L.O return high temp
JKT high temp
JKT low pressure
Piston cooling water high temp
Control air low pressure
Exhaust v/v spring air low pressure
Main Bearing high temp
Scavenging air high temp/ low temp
18. G/E shut down device ဘာတွေရှိသလဲ။
G/E overspeed trip
L.O low pressure
19. Motor တစ်လုံး S.W flooded ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။
Connection တွေဖြုတ်မယ်။ motor ကို အထိုင်ကနေဖြုတ်မယ်။ part တွေအားလုံးကိုဖြုတ်ပြီး F.W နဲ့ ဆေးမယ်။ အပူပေး အခြောက်ခံမယ်။ ပြီးရင် Megga Test လုပ်မယ်။ IR တန်ဖိုးကောင်းရင် ပြန်သုံးမယ်။
20. All unit မှာ exhaust gas temp: တက်နေတာဘာကြောင့်လဲ။ One unit ဆိုရင် ဘာကြောင့်လဲ။
All unit ဆိုရင် scavenge air temp တက်နေလို့။ one unit ဆိုရင် fuel v/v မကောင်းလို့၊ exhaust v/v မကောင်းလို့။
21. Safety v/v နဲ့ relief v/v ဘာကွာလဲ။
Safety v/v က design pressure ရဲ့ 3%မှာ ပွင့်တာ။ manual ဖွင့်လို့ရအောင် easing gear တပ်ထားတယ်။ Relief v/v က working pressure ရဲ့ 10%မှာ ပွင့်တာ။ သူ့ရဲ့ opening pressure က ကြာလာရင် တဖြည်းဖြည်းတက်လာတယ်။
22. G/E thin shell bearing ဘယ်လိုထုတ်မလဲ။
T piece နဲ့လှည့်ထုတ်မယ်။ ဒါမှမဟုတ် ထုတ်မယ့် bearing ဘေးက web ကို floor နဲ့ parallel ဖြစ်အောင်ထားပြီး bar ခံမယ်။ ပြီးရင် bar ကို hydraulic jack နဲ့ about 0.1 to 0.3 mm လောက်မမယ်။ ပြီးမှ bearing ကို special manila robe နဲ့ running direction ပြောင်းပြန်လှည့်ထုတ်မယ်။
23. Air line explosion safety device တွေကဘာတွေလဲ။
Drain v/v
Relief v/v
Flame trap
Pressure g/g
24. Crash maneuvering ဆိုတာဘာလဲ။
Sea speed နဲ့သွားနေတုန်း immediately astern ပြန်ဆွဲတာကို ခေါ်တာ။ အရင်ဆုံး control handle ကို STOP position ကိုဆွဲချမယ်။ M/E speed ကို 20% − 30% of MCR လောက်ရောက်အောင်စောင့်မယ်။ ပြီးရင် air kick တစ်ချက်လောက်လုပ်ပြီး break ဖမ်းမယ်။ ပြီးရင် telegraph ကို Astern မှာထားမယ်။ cam position က astern ရောက်ရင် astern ဆွဲလို့ရပြီ။
25. ရုတ်တရက် G/E L.O sump level တက်လာရင် ဘာလုပ်မလဲ။
Stand by G/E နှိုးမယ်။ load တင်မယ်။ defective G/E ကို ရပ်မယ်။ အပြစ်ရှာပြီး ပြင်မယ်။ ဖြစ်နိုင်တာကတော့ liner O-ring တွေမကောင်းတော့လို့၊ F.W attached P/p ရဲ့ mechanical seal မကောင်းတော့လို့။
26. L.O onboard test ဘယ်နှစ်မျိုးရှိသလဲ။
Viscocity Test
Insoluble Test
TBN/TAN Test
Contamination Test
Foreign particle Test
27. P.S.C မလာခင် 3/E တစ်ယောက်အနေနဲ့ဘာတွေပြင်ဆင်ထားရမလဲ။
Emergency equipment တွေနဲ့ Marpol equipment တွေကို inspection and test လုပ်ထားမယ်။
28. Hydraulic operated exhaust v/v တစ်လုံးကို overhaul လုပ်ရင် ဘာတွေစစ်ရမလဲ။
-valve, valve seat, C.W passage in valve seat
-wear and tear on valve stem
-O'ring groove in valve seat
-wear and tear on air spring cylinder
29. 3/E တစ်ယောက်အနေနဲ့ Sign On လုပ်တဲ့အခါ Take Over ဘယ်လိုယူမလဲ။ အသေးစိတ်ပြောပါ။
သင်္ဘောပေါ်ရောက်တဲ့အခါ ပထမဆုံး Master နဲ့သွားတွေ့ပြီး Documents and Certificates တွေအပ်မယ်။ ပြီးရင် C/E နဲ့သွားတွေ့ပြီး ရောက်ရှိကြောင်း သတင်းပို့မယ်။ ပြီးရင် E/R ထဲဆင်းပြီး visual check အရင်လုပ်မယ်။ ပြီးမှ Sign Off လုပ်မယ့် 3/E နဲ့သွားတွေ့မယ်။
3/E responsible machineries တွေအကြောင်းမေးမယ်။
မိမိနဲ့သက်ဆိုင်တဲ့ spare list တွေတောင်းကြည့်မယ်။ မှန် မမှန်စစ်ကြည့်မယ်။
3/E Work Done စာအုပ်တောင်းကြည့်မယ်။
Saturday routine စာအုပ်ကို စစ်မယ်။
LSA နဲ့ FFA maintenance စာအုပ်ကို ကြည့်မယ်။
PMS နဲ့ Manual စာအုပ်တွေ စုံ မစုံကြည့်မယ်။
အားလုံးပြည့်စုံရင် Take Over ယူကြောင်း လက်မှတ်ထိုးမယ်။
3/E Responsibilities
Daily Record Book
E/R Log Book
C/E Abstract Log Book
PMS
Machineries Maintenance Record Book
Defected and Repaired List
Major Spare Inventory
L.O and Chemical Store
Bunker Preparation
Saturday Routine
Fire Detector and Alarm System
Marpol and Emergency Equipment
LSA and FFA
30. 3/E တစ်ယောက်နဲ့ဆိုင်တဲ့ spare တွေကို ဘယ်လိုထိန်းသိမ်းမလဲ။
Spare တွေကို machinery အလိုက် list လုပ်ပြီးသိမ်းထားမယ်။
အသုံးပြုပြီးသား spare တွေကို list ထဲကဖယ်ထားမယ်။
သံချေးတက်နိုင်တဲ့ spare တွေကို grease ပါးပါးလေးသုတ်ထားမယ်။
Spare order မှာထားတာတွေရောက်လာရင် receipt ထဲမှာပါတဲ့စာရင်းနဲ့ ရောက်လာတဲပစ္စည်းတွေ
ကိုက် မကိုက် စစ်မယ်။ မကိုက်ရင် C/E ကို အကြောင်းကြားမယ်။
Essential spares တွေ အမြဲရှိနေအောင် မှာထားမယ်။
Monday, June 18, 2012
Third Engineer Old Oral Questions
- Jacket Water Test ဘာကြောင့်လုပ်သလဲ။
- Plate Type Cooler maintanence အကြောင်းပြောပြပါ။
- Over speed governor and Over speed trip ဆိုတာဘာလဲ။
- G/E overhaul လုပ်ရင် ဘာတွေတိုင်းမလဲ။
- Steam trap ဘာကြောင့်ထားသလဲ။
- Solenoid v/v and Expansion v/v အကြောင်းပြောပါ။
- Cold room temp ကို ဘယ်လိုချိန်မလဲ။
- Refer Comp: ခဏခဏ လည်လိုက် ရပ်လိုက်ဖြစ်နေတာ ဘာကြောင့်လဲ။
- Air Comp: ခဏခဏ လည်လိုက် ရပ်လိုက်ဖြစ်နေတာ ဘာကြောင့်လဲ။
- Purifier မှာ rated rpm မရဘူး။ ဘာကြောင့်လဲ။ ဘာတွေ စစ်မလဲ။
- Purifier vertical shaft မှာ ဘယ်လို bearing တွေ တပ်ထားသလဲ။
- Main S.W P/p overhaul လုပ်ရင် ဘာတွေ စစ်ရမလဲ။
- Emergency Fire P/p maintanence ဘာတွေ လုပ်မလဲ။
- CO2 Room maintanence ကိုပြောပါ။
- Heavy Weather ရှိကြောင်း Bridge က အကြောင်းကြားလာရင် ဘာလုပ်မလဲ။
- Bulbous Bow ဘာကြောင့်တပ်ထားသလဲ။
- M/E slow down ဘာတွေရှိသလဲ။
- G/E shut down ဘာတွေရှိသလဲ။
- Motor တစ်လုံး S.W flooded ဖြစ်သွားရင် ဘာလုပ်မလဲ။
- All unit မှာ Exh: Temp: တက်နေတာ ဘာကြော့င်လဲ။ One unit ဆိုရင် ဘာကြောင့်လဲ။
- Safety v/v နဲ့ Relief v/v ဘာကွာလဲ။
- G/E thin shell bearing ဘယ်လို ထုတ်မလဲ။
- Air Line Explosion safety device တွေက ဘာတွေလဲ။
- Crash Maneuvering ဆိုတာ ဘာလဲ။
- ရုတ်တရက် G/E L.O sump level တက်လာရင် ဘာလုပ်မလဲ။
- L.O Onboard Test ဘယ်နှစ်မျိုးရှိသလဲ။
- P.S.C မလာခင် 3/E တစ်ယောက်အနေနဲ့ ဘာတွေ ပြင်ဆင်ထားရမလဲ။
- Hydraulic Operated Exh: v/v တစ်လုံးကို overhaul လုပ်ရင် ဘာတွေ စစ်ရမလဲ။
- 3/E တစ်ယောက်အနေနဲ့ sign on လုပ်တဲ့အခါ Take Over ဘယ်လိုယူမလဲ။ အသေးစိတ်ပြောပါ။
- 3/E တစ်ယောက်နဲ့ဆိုင်တဲ့ spare တွေကို ဘယ်လိုထိန်းသိမ်းမလဲ။
- M/E unit တစ်လုံးတည်း temp: ကျနေတာ ဘာကြောင့်လဲ။
- E.E.B.D ဆိုတာဘာလဲ။ အဲဒါတပ်ပြီး မီးသတ်လို့ရလား။
- Port Hole ဘာကြောင့်တပ်ထားသလဲ။
- Oil Mist Detector ဘယ်နှစ်မျိုးရှိသလဲ။ ဘယ်မှာ တပ်ထားသလဲ။
- Crank Case Explsion ဆိုတာဘာလဲ။ မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ။
- Stuffing Box overhaul လုပ်ရင် ဘာတွေစစ်မလဲ။ Clearance နည်းရင် ဘာဖြစ်မလဲ။
- Crank case ထဲမှာ hot spot ဘာကြောင့်ဖြစ်လဲ။
- Furnace Blow Pass ဆိုတာဘာကိုခေါ်လဲ။
- Grounding ဖြစ်ရင် ဘာတွေ စစ်မလဲ။
- Boiler Water Test ဘယ်နှစ်မျိုးရှိသလဲ။
- E.G.E safety device တွေက ဘာတွေလဲ။
- Boiler Water Test ဘာကြောင့်လုပ်သလဲ။
- Cylinder Head Safety Device & Mountings?
- Indicator Card ဘာကြောင့်ယူသလဲ။
- First Start Arrangment ကိုပြောပါ။
- Engine Hanging Up ကို ဘယ်လိုနားလည်သလဲ။ (Procedure)
- Main Switch Board Safety Device?
- Windlass Safety Device?
- Steering Gear Safety Device?
- L.F.L / H.F.L ဆိုတာဘာလဲ။ ဘာကိုသိချင်လို့ တိုင်းတာလဲ။
- Properties of Telemotor Hydraulic Oil (Steering Gear)?
- Relief v/v overhaul လုပ်ရင် ဘာတွေစစ်မလဲ။
- Emergency bilge suction v/v test ဘယ်လိုလုပ်သလဲ။
- G/E နှစ်လုံး parallel လုပ်ပြပါ။
- Fuel P/p Timing ချိန်ပြပါ။
- Chain Inspection ဘယ်လိုလုပ်မလဲ။
- Alternator Air Gap ဆိုတာဘာလဲ။
- Duty ယူနေတုန်း G/E black out ဖြစ်ရင် ဘယ်လိုလုပ်မလဲ။
- M/E L.O L.P Alarm လာရင် ဘယ်လိုလုပ်မလဲ။
- M/E L.O L.P Alarm Test ဘယ်လိုလုပ်မလဲ။
- Governor ဆိုတာဘာလဲ။
- M/E Overspeed Trip ကိုဘယ်လို စမ်းမလဲ။
- M/E JKT High Temp: Alarm Test ဘယ်လိုစမ်းလဲ။
- Welding Defect အကြောင်းပြောပါ။
- Welding မလုပ်ခင် ဘာတွေ Safety လုပ်မလဲ။
- Oil Record Book (ORB) ဆိုတာဘာလဲ။
- Purifier Bowl High ကို ဘယ်လို ချိန်မလဲ။
- Safety before enter into Enclosed Space?
- Tank Mountings?
- Boiler Mountings?
- Slip တွက်ပြပါ။
- Liner wear ဘယ်နှစ်မျိုးရှိသလဲ။
- Keel Plate ဘယ်နှစ်မျိုးရှိသလဲ။
- Liner Replacement လုပ်ရင် ဘာတွေစစ်မလဲ။
- Liner wear ဘယ်လိုတိုင်းမလဲ။
- SOPEP Locker ဘယ်မှာရှိသလဲ။
- Vibration Damper ဘယ်မှာ ရှိသလဲ။
- Propeller Vibration ဘာကြောင့်ဖြစ်သလဲ။
- Engine Knocking ဆိုတာဘာလဲ။ ဘာကြောင့်ဖြစ်သလဲ။
- Cylinder Oil Consumption ကို ဘယ်လိုထိန်းမလဲ။
- E/R ထဲကို ရုတ်တရက်ရေဝင်လာရင် ဘယ်လိုလုပ်မလဲ။
- Saturday Routine ဆိုတာဘာလဲ။ ဘာကြောင့်လုပ်သလဲ။
- E/R ထဲမှာ Quick Closing v/v တွေ ဘယ်မှာ တပ်ထားသလဲ။
- F.W.G ကထွက်လာတဲ့ရေကို ပိုးသတ်ခြင်း ဘယ်နှစ်မျိုးရှိသလဲ။
- F.W.G ကိုမောင်းပြပါ။ ရပ်ပြပါ။
- Oily Water Separator Maintenances?
- E/R ထဲမှာ မီးသတ်ဖို့ဘာတွေ တပ်ဆင်ထားသလဲ။
- Personal Life Saving Appliance ဆိုတာဘာလဲ။
- Cylinder Relief v/v leakage ဖြစ်ရင် ဘာဆက်လုပ်မလဲ။
- G/E တစ်လုံး မောင်းရခက်နေတယ်။ ဘယ်လိုလုပ်မလဲ။
- Crank Shaft ဘယ်နှစ်မျိုးရှိသလဲ။
- Fuel P/p Timing မမှန်ရင် ဘာလုပ်မလဲ။
- Boiler Water Treatment ဘာကြောင့်လုပ်သလဲ။
- M/E JKT system မှာ Centrifugal P/p ဘာကြောင့်ထားသလဲ။
- Air Cooler Efficiency ကောင်းမကောင်း ဘယ်လိုသိနိုင်မလဲ။
- ဘယ်အချိန်မျိုးမှာ M/E ကို Manual မောင်းသလဲ။
- Air Compressor maintenance ဘာတွေလုပ်သလဲ။
- Starting Air V/v leakage ရှိ မရှိ ဘယ်လိုစမ်းသလဲ။ (Port & Sea)
- Fly Wheel မှာ marking တွေပျက်နေရင် TDC ဘယ်လိုရှာမလဲ။
- D.B. Tank တွေကို heating temp: ဘယ်လောက်ပေ:လဲ။
- Properties of Metal ။
- Boiler ကို Servey ပြဖို့ ဘာတွေပြင်ဆင်ထားရမလဲ။
- F.O V/v overhaul လုပ်ပြပါ။
- F.O P/p overhaul လုပ်ပြပါ။
- Reducing V/v overhaul လုပ်ပြပါ။
- Air Compressor Safety Devices တွေက ဘာတွေလဲ။
- Air Compressor V/v overhaul လုပ်ပြီး စမ်းပြပါ။
- Scavenge Trunk Inspection လုပ်ပြပါ။
- Exh: V/v မှာ ဘာကြောင့် spring နှစ်ချောင်း တပ်ထားသလဲ။
- Rotocap ဘာအတွက်ထားသလဲ။
- Uptake Fire ဘာကြောင့်ဖြစ်သလဲ။ မဖြစ်အောင် ဘာလုပ်မလဲ။
- Scavenge Fire ဘာကြောင့်ဖြစ်သလဲ။ မဖြစ်အောင် ဘာလုပ်မလဲ။
- Exh: Trunk Fire ဘာကြောင့်ဖြစ်ရသလဲ။ ဘယ်လိုဖြစ်သလဲ။
- G/E မှာတပ်ထားတဲ့ Safety Devices တွေက ဘာတွေလဲ။
- Scavenging ဆိုတာဘာလဲ။ ဘယ်နှစ်မျိုးရှိသလဲ။ ဘယ်ဟာက အကောင်းဆုံးလဲ။
- Boiler မှာ manhole နှစ်ခု ဘာကြောင့် တပ်ထားသလဲ။
- Turbo Charger မှာ K value ဆိုတာဘာလဲ။
- Plumber Block နဲ့ Tunnel Bearing ဘာကွာလဲ။
- G/E overhaul လုပ်ရင် ဘာတွေ secure & safety လုပ်ထားမလဲ။
- Thin Shell Bearing Shifting ဆိုတာဘာလဲ။
- Incinerator Safety Devices တွေက ဘာတွေလဲ။
- F.W.G ရဲ့ principle ကိုပြောပါ။
- Life Boat Engine Maintenance ကိုပြောပါ။
- V/v seat & V/v guide ထုတ်ပြပါ။ ပြန်ထည့်ပြပါ။
- Cooler မှာ Plate Type နဲ့ Tube Type ဘာကွာလဲ။
- G/E high pressure pipe ပေါက်ရင် ဘယ်လိုလုပ်မလဲ။
- Sounding pipe မှာ E/R နဲ့ Deck နဲ့ ဘာကွာသလဲ။
- Purifier နဲ့ Clarifier ဘာကွာသလဲ။
- Purifier ကို Clarifier ပြောင်းမောင်းပြပါ။
- M/E နှိုးတယ် မလည်ဘူး။ လည်တယ် မနိုးဘူး။ ဘာကြောင့်လဲ။
- Settling Tank & Service Tank mountings?
- Unit တစ်လုံးတည်း scavenge fire ဖြစ်ရင် ဘာလုပ်မလဲ။
- Hull Protection အကြောင်းပြောပြပါ။
- Reverse Current Relay ဆိုတာဘာလဲ။ ဘယ်မှာ တပ်ထားသလဲ။
- Arrival ရောက်ခါနီးမှာ ဘာတွေလုပ်ရမလဲ။
- O.W.S အကြောင်းပြောပါ။
- Refer system မှာ refrigerant ဘယ်လိုဖြည့်သလဲ။ ဘယ်နှစ်နည်းရှိသလဲ။
- Thrust Block က Axial Movement ဘာကြောင့်ဖြစ်သလဲ။
- Refer: system မှာ High pressure cut out နဲ့ Low pressure cut out ဘာကွာသလဲ။
- TAN & TBN ဆိုတာဘာလဲ။
- Thrust Block ဘာကြောင့်ထားသလဲ။
- Air Compressor performance ကောင်း မကောင်း ဘယ်လိုသိနိုင်မလဲ။
- Stern Tube Lubrication အကြောင်းပြောပါ။
- Hot Work မလုပ်ခင် ဘာတွေ safety အရင်လုပ်ရမလဲ။
- Pump ဘယ်နှစ်မျိုးရှိသလဲ။
- AVR ဆိုတာဘာလဲ။
- G/E main bearing ဖြုတ်ပြပါ။
- O.W.S maintenance လုပ်ပြပါ။ စမ်းပြပါ။
- Sea Chest Cleaning လုပ်ပြပါ။
- F.W.G မှာ vacuum ဘာကြောင့်ထားသလဲ။
- Collision Bulkhead ဆိုတာဘာလဲ။
- E/R ထဲကို CO2 လွှတ်ပြပါ။
- M/E Air Cooler ဘာကြောင့်ထားသလဲ။
- Bulbous Bow ဆိုတာဘာလဲ။
- Preferential Trip ဆိုတာဘာလဲ။
- Steam Trap ဘာလုပ်ဖို့ထားတာလဲ။
- Innert Gas ကြောင်း ပြောပါ။
- Piston ထုတ်ပြီးရင် ဘာတွေစစ်ရမလဲ။
- Emergency Generator maintenance ဘာတွေလုပ်သလဲ။
- M/E Unit Overhaul မှာ ဘာတွေတိုင်းသလဲ။
- M/E Waste Heat တွေ ဘယ်မှာ သုံးသလဲ။
- E/R ထဲမှာ ရှိတဲ့ Portable Fire Extinguisher တွေက ဘာတွေလဲ။
- ECR မှာ မီးလောင်ရင် ဘယ်လို ငြိမ်းမလဲ။
- Reserve Buoyancy ဆိုတာဘာလဲ။
- Magnetic Filter ဘယ်မှာ ရှိသလဲ။
- Crane Motion အကြောင်း ရှင်းပြပါ။
- Stuffing Box function ကောင်းမကောင်း ဘယ်လို သိနိုင်မလဲ။
- Cross Head ရဲ့ function က ဘာတွေလဲ။
- Bilge Injection V/v ရဲ့ ထူးခြားချက်က ဘာလဲ။
- Duct keel ဆိုတာဘာလဲ။
- Refer: System ထဲမှာ လေပါရင် ဘာဖြစ်နိုင်သလဲ။
- Free Board က ဘာလဲ။ ဘာလုပ်ဖို့ထားတာလဲ။
- Essential Load & Non−Essential Load က ဘာတွေလဲ။
- Fuel V/v ကောင်း မကောင်း ဘယ်လိုသိမလဲ။
- Cascade Tank မှာ ဆီပါရင် ဘာလုပ်မလဲ။
- Purifier ဘာကြောင့်ဆီလျှံရတာလဲ။
- Drill အလိုက် 3/E Duty ကဘာတွေလဲ။
- L.O Onboard Test လုပ်ပြပါ။
- Motor Safety Devices တွေက ဘာတွေလဲ။
- M/E Safety Interlock တွေက ဘာတွေလဲ။
- Boiler Flash Up လုပ်ပြပါ။
- Air Bottle Safety Device တွေက ဘာတွေလဲ။
- Enclosed Space ဆိုတာဘာလဲ။ ဘယ်နေရာတွေကို ပြောတာလဲ။
- Tanker တွေမှာ Dangerous Zone ဆိုတာ ဘယ်နေရာတွေလဲ။
- M/E L.O Contamination ဘယ်လိုဖြစ်နိုင်သလဲ။
- Ignition Delay ဆိုတာဘာလဲ။ နည်းရင် ဘာဖြစ်နိုင်သလဲ။ များရင် ဘာဖြစ်နိုင်သလဲ။
- Earth Fault Tracing လိုက်ပြပါ။
- Bilge Rule က ဘာတွေလဲ။
- Motor Coupling Alignment ဘယ်လိုချိန်မလဲ။
- Motor Earth မိရင် ဘယ်လိုလုပ်မလဲ။
- Main Engine Over load ဘာကြောင့်ဖြစ်သလဲ။
- Air-Con room မှာ routine check အနေနဲ့ ဘာတွေစစ်မလဲ။
- G.A Plan ဆိုတာဘာလဲ။
- Indicator Card ဘယ်နှစ်မျိုးရှိသလဲ။
- Emergency Power ဘယ်ကိုသွားသလဲ။
- Marpol Annex တွေ အကြောင်းပြောပါ။
- Boiler Guage Glass မှာ ရေပျောက်ရင် ဘာလုပ်မလဲ။
- Camber ဆိုတာဘာလဲ။
- Rudder သုံးမျိုးပြောပါ။
- Emergency Fire P/p Rules ကိုပြောပါ။
- Starting Air V/v overhaul လုပ်ပြပါ။
- Bursting Dics ဆိုတာဘာလဲ။ ဘယ်နေရာတွေမှာ တပ်ထားသလဲ။
- Steering Gear Safety Devices ?
- Purifier vibration ဘာကြောင့်ဖြစ်သလဲ။
- Bunker receiving မှာ ဆီမကောင်းရင် ဘယ်လိုလုပ်မလဲ။
- T/C water washing လုပ်ပြပါ။
- Refer: system pumping down လုပ်ပြပါ။
- Emergency Air Compressor Test Run လုပ်ပြပါ။
- Crank Shaft Deflection ယူပြပါ။
- Gear P/p overhaul လုပ်ပြပါ။
- Smoke အရောင်များကြောင်းပြောပါ။
- AC နဲ့ DC current ထွက်ပုံကို သိသလောက်ပြောပြပါ။
- Division Plate စားသွားရင် ဘာလုပ်မလဲ။
- Air Line Explosion ဘာကြောင့်ဖြစ်သလဲ။
- Boiler မှာ Water Tube နဲ့ Smoke Tube အားသာချက် အားနည်းချက် ဘာတွေလဲ။
- After cooler ဆိုတာဘာလဲ။ ဘာကြောင့်ထားတာလဲ။
- Turbo Charger Surging ဘာကြောင့်ဖြစ်ရသလဲ။
- Air Compressor မောင်းနေရင်းနဲ့ လေမဝင်တာ ဘာကြောင့်လဲ။
- Boiler burner ဘယ်နှစ်မျိုးရှိသလဲ။ သိသလောက်ပြောပါ။
- Purifier ဆီလျှံတာ Temp အနည်းနဲ့ အများမှာ ဘယ်အချိန်ပိုများသလဲ။
- T/C charging system ဘယ်နှစ်မျိုးရှိသလဲ။
- Fuel V/v Test လေးမျိုးလုပ်ပြပါ။
- Saturated Air ဆိုတာဘာလဲ။
- Air Compressor မှာ Multistage ဘာကြောင့်သုံးသလဲ။
- Bumping Clearance ဆိုတာဘာလဲ။
- Bottom End Bearing Clearance တိုင်းပြပါ။
- SOPEP List ထဲမှာ ဘာတွေပါသလဲ။
- Ullage Sounding ယူပြီး R.O.B တွက်ပြပါ။
- Quick Closing V/v maintenance လုပ်ပြပါ။
- Cargo Hold မီးလောင်တာဘယ်လိုသိနိုင်မလဲ။
- Refer: System အကြောင်းပြောပါ။
- Furnace Blow Back ဘာကြောင့်ဖြစ်သလဲ။
- Boiler Blow Down လုပ်ပြပါ။
- Emergency Switch Board Safety Devices ?
- G/E overhaul လုပ်ပြီး ဘာတွေစစ်ရမလဲ။
- Crank Shaft ဘယ်နှစ်မျိုးရှိသလဲ။ ရှင်းပြပါ။
- L.O contamination ဖြစ်ရင်ဘာလုပ်မလဲ။
- Condenser နဲ့ Cooler ဘာကွာသလဲ။
- Wet Steam နဲ့ Dry Steam ဘာကွာသလဲ။
- Volumetric Air ဆိုတာဘာကိုပြောတာလဲ။
- Boiler Feed check v/v ဘာကြောင့်တပ်ထားသလဲ။
- G/E rated R.P.M မရတာ ဘာကြောင့်လဲ။
- Battery Room maintenance လုပ်ပြပါ။
- M/E safety alarm တွေက ဘာတွေလဲ။
- Hydraulic Exh: v/v နဲ့ ရိုးရိုး Exh: v/v ဘာကွာသလဲ။
- UMS safety system တွေ အကြောင်းရှင်းပြပါ။
- International Discharge Connetion ဆိုတာဘာလဲ။
- Life Boat Safety Device တွေက ဘာတွေလဲ။ Drain Plug ဘာကြောင့်ထားတာလဲ။
- Fire Extinguisher အရောင်တွေအကြောင်းပြောပါ။
- Fire မှာ class ဘယ်နှစ်မျိုးရှိသလဲ။
- Life Boat Engine ဘယ်အချိန်မှာ စမ်းသလဲ။ ဘယ်လောက်ကြာအောင်းမောင်းသလဲ။
- Fuel knocking & Metal knocking ဘယ်လိုခွဲမလဲ။
- Oil Mist Detector maintenance လုပ်ပြပါ။
- Cylinder head ဖြုတ်ပြီးလဲပြပါ။
- Purifier တစ်လုံးရဲ့ essential spares တွေက ဘာတွေလဲ။
- Observation Tank ဘာကြောင့်ထားသလဲ။
- Refer: system မှာ undercharge ဖြစ်ရင် ဘယ်လိုသိနိုင်မလဲ။
- Purifier clutch ချော်တာ ဘာကြောင့်လဲ။ ဘာဖြစ်နိုင်သလဲ။
- Nomogram ဆိုတာဘာလဲ။ မရှိရင် gravity disc size ဘယ်လိုရွေးမလဲ။
- Thrust Block ရဲ့ R-value တိုင်းပြပါ။
- Crankcase relief v/v overhaul လုပ်ပြပါ။
- Fuel P/p overhaul လုပ်ပြီး plunger ပြန်ထည့်ရင် ဘာတွေ safety လုပ်မလဲ။
- Boiler Air Purging ဘာကြောင့်လုပ်သလဲ။
- Boiler Water PH ဘယ်လောက်ထားသလဲ။ များရင် ဘာလုပ်မလဲ။
- Fuel V/v nozzle hole ဘာနဲ့ တိုင်းမလဲ။
- Just above zero နားမှာ ဖြုတ်ချပေးတဲ့ device ကဘာလဲ။(G/E)
- 3/E တစ်ယောက် သင်္ဘောပေါ်ရောက်ရောက်ချင်း ဘာလုပ်မလဲ။
- Tappet clearance ဘယ်လိုချိန်မလဲ။
- ISM ဆိုတာဘာလဲ။ ဘာတွေပါလဲ။
- Dry powder & CO2 fire extinguisher ဘယ်မှာ ထားသလဲ။
- Load line အကြောင်းပြောပါ။
- M/E R.P.M တွက်ပြပါ။
- Delivery valve ဆိုတာဘာလဲ။ သူ့ရဲ့ function က ဘာလဲ။
- Boiler ရေဖြည့်တယ်။ ရေ level တက်မလာဘူး။ ဘာကြောင့်လဲ။
- Boiler Tube ပေါက်တယ်။ ဘာလုပ်မလဲ။
- Economizer Tube ပေါက်ရင် ဘယ်လိုသိနိုင်မလဲ။ ဘာလုပ်မလဲ။
- Main Engine bearing clearance ဘာကြောင့်ထားသလဲ။ ဘယ်လိုတိုင်းသလဲ။
- Dripping Test ဘာကြောင့်လုပ်သလဲ။
- M/E F.O Pressure ဘယ်လောက်ထားသလဲ။
- Running-in Period ဆိုတာဘာလဲ။
- Hot Spot ဘာကြောင့်ဖြစ်သလဲ။
- Counter Balance Weight Nut လျော့နေတယ်။ ဘာကြောင့်လဲ။ ဘယ်လိုပြန်တိုက်လဲ။
- သင်္ဘောစောင်းနေတဲ့အချိန် Actual Sounding ရအောင် ဘယ်လိုယူမလဲ။
- Cargo Hold Hydraulic Pipe ပေါက်ရင် ဘာလုပ်မလဲ။
- G/E Major Overhaul မလုပ်မီ ဘာတွေပြင်ဆင်ထားမလဲ။
- JKT Temp one/all unit တက်နေတာ ဘာကြောင့်လဲ။
- Renovation Tank ဘာကြောင့်ထားရသလဲ။
- System Oil Properties?
- Fuel Treatment ဆိုတာဘာလဲ။
- Megga Test ဘယ်နှစ်မျိုးရှိသလဲ။ လုပ်ပြပါ။
- Fridge System မှာ leakage ဘယ်လိုစမ်းမလဲ။
- Fridge System မှာ တစ်ခန်းတည်း Temp: တက်နေတာ ဘာကြောင့်လဲ။
- Jacket Cooling Water System?
- Sea Water Cooling System?
- Fuel Oil System?
- Lub: Oil System?
- Bilge System?
- Refer: System မှာ overcharge ဖြစ်ရင် ဘယ်လိုသိနိုင်မလဲ။
- Lubrication အကြောင်းပြောပါ။
- GRT ဆိုတာဘာလဲ။
Saturday, June 9, 2012
Engine Department မှ သင်္ဘောစလိုက်မည့်သူများအတွက် Engine Room အကြောင်း (၁)
သင်္ဘောတစ်စီးတွင် အဓိကအားဖြင့် အပိုင်းသုံးပိုင်းခွဲထားလေ့ ရှိပါတယ်။ Deck Department, Engine Department နဲ့ Galley Department ဆိုပြီးရှိပါတယ်။ Deck department ရဲ့ အဓိကတာဝန်ကတော့ သင်္ဘောကြီး ပင်လယ်ထဲမှာ အန္ထရယ်ကင်းစွာ သွားလာနိုင်ဖို့ဖြစ်ပြီး ဆိပ်ကမ်းတွင် ဆိုက်ကပ်လျှင် ကုန်တင်ကုန်ချတာဝန်လည်း ယူရပါတယ်။ Engine Department ရဲ့တာဝန်ကတော့ သင်္ဘောကြီး ရေထဲမှာ ရွေ့လျားသွားလာနိုင်ရန်၊ သင်္ဘောတစ်စီးလုံး လျှပ်စစ်ဓတ်အားပေးနိုင်ရန်၊ သင်္ဘောသားများ သောက်ရေသုံးရေ ရရှိရန် တာဝန်ယူရပါတယ်။ Galley Department ကတော့ သင်္ဘောသားများ စားသောက်နိုင်ရန် ချက်ပြုတ်ပေးရပြီး၊ ရံဖန်ရံခါ house keeping ပါတွဲလုပ်ရလေ့ရှိပါတယ်။
ရှေးယခင်က သင်္ဘောရွေ့လျားနိုင်ရန် လှော်တက်များသုံးကာ လှော်ခတ်ရပါတယ်။ နည်းနည်းအဆင့်မြင့်လာတော့ ရွက်တက်ပြီး လွှင့်ကြပါတယ်။ အင်ဂျင်များပေါ်ပေါက်လာပြီးနောက်မှာတော့ သင်္ဘောပေါ်မှာ အင်ဂျင်တပ်ကာ ပန်ကာ(propeller)များဖြင့် သင်္ဘောသွားလာနိုင်ရန် စီစဉ်လာကြပါတယ်။ အင်ဂျင်ခန်းက ပန်ကာလည်နိုင်ရန် အင်ဂျင်များကောင်းစေရန်တာဝန်ယူရပါတယ်။ ထိုအဓိကပန်ကာလည်စေသော အင်ဂျင်ကို Main Engine ဟုခေါ်ပါသည်။
ကုန်သွယ်ရေကြောင်းလောကတွင် တွင်တွင်ကျယ်ကျယ်သုံးသည်မှာ Marine Diesel Engine ဖြစ်ပါသည်။ Two Stroke နှင့် Four Stroke Engine နှစ်မျိုးရှိပါသည်။ အင်ဂျင်အတွင်း မီးလောင်ပေါက်ကွဲသောကြောင့် Internal Combustion (IC) Engine ဟုလည်းခေါ်ပါသည်။ M.E(Main Engine) သည် သူ့ချည်းသက်သက် မလည်ပတ်နိုင်ပါ။ M.E လည်ပတ်နိုင်ရန် လောင်စာဆီ(Fuel) ကျွေးရသော ပန့်များ(Pump)၊ M.E အအေးပေးရန်သုံးသော စက်များ၊ M.E ချောမွေ့စွာ လည်ပတ်နိုင်ရန် ချောဆီ(Lubricating Oil) ပေးသောစက်များလည်းရှိပါသေးသည်။ ၎င်းစက်များကို Auxiliary Machinery များဟုခေါ်ပါသည်။